ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် အစိုးရ ရှေ့နေချုပ်ကို ဒေါ်နယ် ထရမ့် ထုတ်ပယ်
လူဝင်မှု ကြီးကြပ်ရေး ကိစ္စ တားမြစ်မိန့်ကို ဥပဒေနဲ့ ညီသလား ပြန်လှန် မေးခွန်းထုတ်လို့ ခေတ္တ အမေရိကန် အစိုးရ ရှေ့နေချုပ် ကို ဒေါ်နယ် ထရမ့် ထုတ်ပယ် လိုက်ပါတယ်။
ဆယ်လီ ယိတ်စ်ကို အိုဘားမား လက်ထက်က ခန့်အပ် ခဲ့တာဖြစ်ပြီး တရားဌာန ဝန်ထမ်းတွေကို ဒေါ်နယ် ထရမ့် ရဲ့ အုပ်ချုပ်မှု အမိန့်အာဏာကို အကောင်အထည် မဖော်ဖို့ သူက ညွှန်ကြား ခဲ့ပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ မစ္စ ယိတ်စ်ဟာ တရားဌာနကို သစ္စာ ဖောက်တယ်၊ နယ်စပ်အရေး ကိစ္စတွေမှာ ပျော့ညံ့တယ်လို့ စွပ်စွဲ ထားပါတယ်။
ဗာဂျင်းနီးယား အရှေ့ ခရိုင် အစိုးရ ရှေ့နေ ဒေနာ ဘန်တေကို သူ့နေရာမှာ ဒေါ်နယ် ထရမ့် က အစားထိုး ခန့်လိုက်ပါတယ်။
မစ္စတာ ဘန်တေက ခန့်အပ် ခံရချင်းမှာပဲ အငြင်းပွားနေကြတဲ့ ဒီအမိန့်ကို အမြန် ဆောင်ရွက်ဖို့ တရားရေး ဌာနကို ညွှန်ကြား လိုက်ပါတယ်။
အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဌာန ရဲ့ ခေတ္တ ညွှန်ကြားရေးမှူး Daniel Ragsdale ကိုလည်း ထုတ်ပယ် လိုက်ပါတယ်။ သူ့ကို ဇန်နဝါရီ ၂ဝ ကမှ ဒီနေရာမှာ ခန့်ခဲ့တာပါ။