ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်က အိုဘားမားလုပ်ခဲ့တာတွေ စပြောင်း
အမေရိကန်သမ္မတသစ်ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က Obamacare လို့ခေါ်တဲ့ ယခင် သက်သာကျန်းမာရေး ဥပဒေကို ပြင်ဆင်တဲ့ အမိန့်ကို သူ့ရဲ့ ပထမဆုံး ရုံးအမိန့်အဖြစ် ထုတ်ပြန်လိုက်ပါတယ်။
အများဝေဖန်မှုတွေရှိနေတဲ့ ဒီဥပဒေကို မစ္စတာ ထရမ့်ဟာ မဲဆွယ် ကာလမှာ ကတည်းက ဖျက်သိမ်း အစားထိုးမယ်လို့ စည်းရုံးထားခဲ့ဖူးပါတယ်။
ဒါကို အစားထိုးမယ့် ဥပဒေကိုတော့ မစ္စတာ ထရမ့်ဘက်က ဆက်လက် ရေးဆွဲဖို့ စီစဉ်ထားပါတယ်။
မစ္စတာ ထရမ့်ဟာ အမေရိကန် အမျိုးသားနေ့ သတ်မှတ်ရေး ကြေညာစာတမ်းကိုလည်း လက်မှတ် ရေးထိုးခဲ့ပါတယ်။
မစ္စတာ ထရမ့်ရဲ့ မူဝါဒတွေကို အိမ်ဖြူတော် ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားရာမှာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု၊ လူမှုအခွင့်အရေး၊ ကျန်းမာရေးနဲ့ လိင်တူလိင်ခွဲ အခွင့်အရေး ကိစ္စတွေ မပါဝင်ပဲ ဖြစ်နေပါတယ်။
စွမ်းအင်၊ နိုင်ငံခြားရေး၊ အလုပ်အကိုင်၊ စီးပွားရေး၊ စစ်ရေးနဲ့ ဥပဒေစိုးမိုး ကိစ္စတွေကိုပဲ ဒီ ဝက်ဆိုဒ်မှာ လောလောဆယ် ဖော်ပြထားပါတယ်။