ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်တပ်တွေ ပိုလန်နိုင်ငံမှာ စ ချ
နေတိုးအဖွဲ့ရဲ့အရှေ့ဖက်ခြမ်းနယ်နိမိတ်မှာ ချထားမယ့် အမေရိကန်တပ်ဖွဲ့ သုံးထောင်ထဲက ပထမဆုံးအသုတ် အခုပိုလန်နိုင်ငံကို ရောက်ရှိလာပါတယ်။
အဲဒီအထဲမှာ တင့်ကား အစီး ၈၀ ကျော်နဲ့သံချပ်ကာယာဉ် ရာနဲ့ချီပြီး ပါဝင်ပါတယ်။
စစ်အေးကာလပြီးချိန်ကစလို့ အမေရိကန်ရဲ့ စစ်အင်အားအများဆုံး ဖြန့်ကျက်ချထားတာလည်း ဖြစ်ပါတယ်။
ရုရှားရဲ့ ရန်လို ခြိမ်းခြောက်မှုကို စိုးရိမ်နေတဲ့ နေတိုးမဟာမိတ်တွေ စိတ်အေးရအောင် သမ္မတအိုဘားမားက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားဖက်ကတော့ အမေရိကန်ရဲ့ စစ်အင်အားချထားမှုဟာ ရုရှားရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လိုက်တာပဲလို့ ပြောပါတယ်။ ဥရောပ နိုင်ငံမဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံ ပါဝင် ပတ်သက်လာတာဟာ ရုရှားအကျိုးစီးပွားကို ပိုပြီး ထိခိုက်စေတယ်လို့လည်း ပြောခဲ့ပါတယ်။
ပိုလန်ဒုတိယကာကွယ်ရေးဝန်ကြီး Tomasz Szatkowski ကတော့ နေတိုးတပ်တွေချထားဖို့လိုပါတယ်လို့ ဆိုပါတယ်။
သူတို့နယ်စပ်နဲ့ ကပ်ပြီး ရုရှားစစ်သား တစ်သိန်းကျော်နဲ့ စစ်ရေးလာလေ့ကျင့်တာမျိုး ရှရှားရဲ့ ရန်လိုတဲ့ အသံ၊ ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် လိုအပ်တာပါလို့ သူက ပြောပါတယ်။