ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့် ဝန်ကြီးစာရင်းတင်သွင်းမှု ကြားနာ
အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝန်ကြီးအဖွဲ့ အမည်စာရင်း တင်သွင်းမှုတွေကို ဒီနေ့ ကြားနာနေပါပြီ။
ရှေ့နေချုပ်အဖြစ် အထက် လွှတ်တော်အမတ် ဂျက်ဖ် ဆက်ရှင်းကို ရွေးချယ်ထားပါတယ်။
တောင်ပိုင်းက ရှေးရိုးစွဲ သမား ဂျက်ဖ် ဆက်ရှင်းဟာ လူမျိုးရေးနဲ့ ပတ်သက်ပြီး အကဲဆတ်တယ်လို့ ဝေဖန်မှုတွေ ရှိသလို ရွှေ့ပြောင်း ဝင်ရောက်လာသူတွေအပေါ်မှာ ဆန့်ကျင်တဲ့ အမြင်ရှိတယ်လို့လည်း ဆိုပါတယ်။
လူမည်း အခွင့်အရေး ကာကွယ်သူတွေနဲ့ နိုင်ငံရေး သမားတွေ၊ အမေရိကန် ပြည်သူ့ အခွင့်အရေး သမဂ္ဂ တို့က သူ့ရဲ့ နောက်ကြောင်းပြန်စစ်ဖို့ တောင်းဆိုနေပါတယ်။
အိမ်ဖြူတော်ရဲ့ ထိပ်တန်း အကြံပေးအရာရှိ အဖြစ် ဒေါ်နယ်ထရမ့်ရဲ့ သားမက် ဂျရက်ဒ် ကူရှ်နာကို ခန့်အပ်တာဟာ ဥပဒေနဲ့ညီညွတ်မှုရှိမရှိ ကိုလည်း ပြန်လည် စစ်ဆေးပေးဖို့ ဒီမိုကရက်တွေက ကွန်ဂရက် လွှတ်တော်ကို တောင်းဆို ထားပါတယ်။