ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာမှာ တရုတ်စက်မှုဇုန်စီမံကိန်းကို ဆန္ဒပြ
သီရိလင်္ကာနိုင်ငံမှာ တရုတ်နိုင်ငံက ကြီးကြပ်တဲ့ စက်မှုဇုန်စီမံကိန်းအတွက် ရွာသားထောင်ချီ ဖယ်ရှာခံရဖို့ အလားအလာ ရှိနေတာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူနဲ့ ရဲတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။
ရာချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေကိုပါ အသုံးပြု နှိမ်နင်းခဲ့ပြီး သံဃာတော်တွေ အပါအဝင် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။
ဆန္ဒပြသူတွေက အစိုးရဟာ ဒီဒေသတဝိုက်ကို တရုတ်ကိုလိုနီ ဖြစ်အောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ဟာဘမ်တော့တာမြို့က ဆိပ်ကမ်းကို တရုတ်နဲ့ သီရိလင်္ကာ အရင်အစိုးရလက်ထက်က သဘောတူမှုနဲ့ ဆောက်လုပ်ခဲ့ပြီး နောက်ထပ်လုပ်မယ့် စက်မှုဇုံ စီမံကိန်းမှာ မြေဧက တသောင်းခွဲလောက်ကို တရုတ်ကို ငှားရမ်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။
ဟမ်ဘမ်တော့တာမြို့က ဒီစက်မှုဇုန် စီမံကိန်းဖွင့်ပွဲကို ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သီရိလင်္ကာ အစိုးရဟာ တရုတ်ဆောက်လုပ်တဲ့ ဆိပ်ကမ်းနဲ့ စက်မှုဇုန်နေရာကို တရုတ်အစိုးရကို ၉၉နှစ် သက်တမ်းရှိတဲ့ မြေငှားစာချုပ်နဲ့ ငှားရမ်းဖို့ ပြင်ဆင်နေပြီး ဒေသခံတွေကို မြေအစားပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။