ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားစစ်လေယာဉ် ပျက်သွားတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ သမ္မတပူတင်ပြော
ရုရှားသမ္မတ ပူတင်က ပင်လယ်နက်ထဲကို ပျက်ကျသွားတဲ့ ရုရှားစစ်လေယာဉ်အတွက် စုံစမ်းမှုတွေ ပြုလုပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
အခုလို ပျက်ကျမှုနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်က
'ဒီနေ့ပျက်ကျမှုမှာ ကွယ်လွန်သွားတဲ့သူတွေနဲ့ မိသားစုဝင်တွေအတွက် တကယ်ကို ဝမ်းနည်းကြေကွဲရပါတယ်။
ဒီကိစ္စအတွက် စုံစမ်းရေး ကော်မရှင်မှာ ပို့ဆောင်ရေး ဝန်ကြီးက ဦးဆောင်ပြီး သေချာစစ်မှာပါ။
ကျန်ရစ်တဲ့ မိသားစုဝင်တွေကိုလည်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးပြီး တနင်္လာနေ့ကိုလည်း ကြေကွဲခြင်းအထိမ်းအမှတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်' လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံ ဆော့ချီကမ်းခြေက ဆီးရီးယားကိုသွားတဲ့ လူ၉၀ကျော်ပါတဲ့ စစ်လေယာဉ်ပျက်ဟာ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာ ဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ ရှရှားကာကွယ်ရေးဝန်ကြီးဌာနပြောပါတယ်။
ဒီလေယာဉ်ရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ဆော့ချီကမ်းခြေနဲ့ တမိုင်အကွာ ပင်လယ်နက်ထဲမှာ တွေ့ရှိရတယ်ခဲ့ရတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းရှင်းစခန်းနဲ့ လေယာဉ်မှူးတွေ နောက်ဆုံး ပြောဆိုခဲ့တဲ့ စကားတွေကိုလည်း ရုရှားရုပ်သံဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
အဆက်အသွယ်ပြတ်မသွားခင် အချိန်အထိ အဲဒီ့ ပြောဆိုမှုတွေမှာ အခက်အခဲ တစုံတရာ ရှိနေပုံမရပဲ ပြောကြတဲ့ လေသံတွေကလည်း တည်တည်ငြိမ်ငြိမ် ရှိနေတာကို တွေ့ရပါတယ်။
ဒီလေယာဉ်ပေါ်မှာ ရုရှားစစ်တပ်ရဲ့ အလက်ဇန်းဒရော့ဗ် အွန်ဆွန်းဘလဲ တရားဝင် စုပေါင်းသီချင်းဆို အဖွဲ့ဝင်တွေအများစု ပါလာတာ ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ ဆီးရီးယားနိုင်ငံက ရုရှားလေတပ်စခန်းရှိတဲ့ လတတ် ကယျမြို့မှာ နှစ်သစ်ကူး ပွဲဖျော်ဖြေဖို့ သွားကြတာ ဖြစ်ပါတယ်။