ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တူရကီမှာ သံအမတ် အသတ်ခံရမှု ရုရှစုံစမ်းရေး အဖွဲ့လွှတ်
အန်ကာရာမှာ ရုရှ သံအမတ် အန်ဒရေ ကားလော့ဗ် အသတ်ခံရမှု အတွက် စုံစမ်းဖို့ ၁၈ ယောက်ပါ ရုရှအဖွဲ့ တူရကီကို ရောက်ရှိနေပါတယ်။
ဒါဟာ ရုရှ ခေတ်သစ် သမိုင်း အတွင်း သံအမတ် တယောက် တူရကီ နယ်မြေမှာ ပထမဆုံး အသတ်ခံရတာလည်း ဖြစ်ပါတယ်။
ဒီစုံစမ်းမှုနဲ့ ပတ်သက်ပြီး တူရကီ အထူး ထောက်လှမ်းရေး အဖွဲ့အပြင် ရုရှ ဘက်ကလည်း စုံစမ်းမှုတွေ လုပ်ဖို့ အဖွဲ့ စေလွှတ်ဖို့ ၂ နိုင်ငံ သမ္မတတွေ သဘောတူခဲ့ကြပါတယ်။ ဒီလေယာဉ် အပြန်မှာတော့ ကွယ်လွန်သူ သံအမတ်ရဲ့ ရုပ်အလောင်းကို ပြန်သယ်လာပြီး မော်စကိုမှာ အခမ်းအနားနဲ့ ကြိုဆိုမယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး က ပြောဆို ပါတယ်။
အန်ကာရာက ပန်းချီ ပြခန်း တခုမှာ မိန့်ခွန်းပြောနေတုန်း ရုရှ သံအမတ်ကို ရဲအရာရှိဟောင်း တဦးက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမားကိုလည်း သတ်ဖြတ်နိုင်ခဲ့ပြီး သူက ဆီးရီးယားမှာ ရုရှ ပါဝင်ပတ်သက်မှုကို ကန့်ကွက်လိုပုံရတယ်။
ရုရှ ဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဆီးရီးယား နဲ့ ဆက်စပ်မှုကို လျှော့ချ ပြောဆိုပါတယ်။
နောက် ဆီးရီးယားရေး ဆွေးနွေးဖို့ ရုရှ၊ တူရကီနဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးတွေ မော်စကိုမှာတွေ့နေကြပါတယ်။