ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Facebook ပေါ်က သတင်းမှားတွေ ကိုင်တွယ်မယ်ဆို
Facebook လူမှု ကွန်ယက်ပေါ်မှာ မမှန်သတင်းတွေ ဖြန့်တဲ့ ဝက်ဆိုက်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းသစ်တွေ မိတ်ဆက် ပေးနေပြီလို့ Facebook ဘက်က ပြောပါတယ်။
လူတွေကို သတင်းအမှားတွေ ပေးတဲ့ ဝက်ဆိုက်တွေကို ဖယ်ရှားမပေးနိုင်တဲ့ အတွက် Facebook ကို ဝေဖန် ပြစ်တင်မှုတွေ တော်တော်များခဲ့ပါတယ်။
ကင်ဆာ ရောဂါ ပျောက်တယ်ဆိုပြီး သက်သေ မပြနိုင်တဲ့ ဆေးမြီးတိုတွေက အစ နာမည်ကြီးတွေရဲ့ အညှီအဟောက် သတင်းတွေနဲ့ နိုင်ငံရေး လံကြုတ်တွေထိ ဒီသတင်းအတုတွေထဲမှာ ပါဝင်ပါတယ်။
ဒီလို သတင်းအမှားတွေကြောင့် ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဘက်ပြောင်း မဲပေးကြသူတွေ ရှိတယ် ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကလေး သူငယ်တွေကို မတော်တရော် လုပ်တယ် ဆိုတဲ့ သတင်းအမှား တခုကြောင့် ဝါရှင်တန်က ပျော်ပွဲစားရုံ တခုထဲကို လူတယောက်က ဝင်ပြီး ရိုင်ဖယ်နဲ့ ပစ်ခဲ့ပါတယ်။