ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှား ငလျင် လူအများအပြား သေဆုံး
အင်ဒိုနီးရှား နိုင်ငံမြောက်ပိုင်း အာချေ ပြည်နယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်က ပြင်းထန်တဲ့ ငလျင် လှုပ်ခဲ့လို့ လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။
နောက်ထပ် လူ ၂၀၀ ကျော်လည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။
ပြိုကျတဲ့ အဆောက်အဦ ပျက်တွေ အောက်မှာ လူတွေ ရှိနေနိုင်သေးတဲ့ အတွက် ကယ်ဆယ် ရှာဖွေရေးတွေ ဆက်လုပ်နေတယ်၊ နောက်ထပ် သေဆုံးသူ အရေ အတွက် ပိုတိုး လာနိုင်တယ်လို့ အင်ဒိုနီးရှားက သဘာဝ ဘေးအန္တရယ် ကြိုတင် စီမံ ကာကွယ်ရေး အဖွဲ့ အကြီးအကဲက ပြောပါတယ်။
၆ ဒဿမ ၅ ပြင်းအားရှိတဲ့ငလျင်ကြောင့် နေအိမ်တွေရာနဲ့ချီ ပျက်စီးခဲ့ကြောင်းအင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
ရုပ်မြင်သံကြားမှာ မြင်ရတဲ့ ပုံတွေ အရ Pidie Jaya ရပ်ကွက်မှာ ဗလီတွေနဲ့ နေအိမ်တွေ ရစရာ မရှိအောင်ပျက်စီး သွားခဲ့တာ တွေ့ရပါတယ်။