ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုလံဘီယာ ငြိမ်းချမ်းရေး စာချုပ်သစ် ပြင်ဆင် ချုပ်ဆို
ကိုလံဘီယာ သမ္မတ ဟွမ် မန်ညူရယ် ဆန်းတော့စ်နဲ့ FARC သူပုန် ခေါင်းဆောင် တီမိုရှန်ကို တို့ ဘိုဂိုးတား မြို့တော်မှာ ငြိမ်းချမ်းရေး စာချုပ် သစ် တရပ် ပြင်ဆင် ချုပ်ဆို ခဲ့ကြပါတယ်။
အရင်လ က ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ကတော့ မဲခွဲ ဆန္ဒခံယူရာမှာ ရှုံးနိမ့် သွားခဲ့ပါတယ်။
စာချုပ်အဟောင်းက သူပုန်တွေ ကို သိပ်အခွင့်အရေး ပေးတယ်လို့ အတိုက်အခံတွေက ဝေဖန် ခဲ့ကြပါတယ်။
ဒီစာချုပ်သစ်ကို နောက်အပတ်ထဲ မှာ အစိုးရလူတွေ အများစု အသာ ရထားတဲ့ လွှတ်တော်မှာ အတည်ပြုဖို့ တင်သွင်းရမှာ ဖြစ်ပါတယ်။
ကိုလံဘီယာ သမ္မတဟောင်း Alvaro Uribe ခေါင်းဆောင်တဲ့ အတိုက်အခံတွေက ဒီစာချုပ်သစ်ကို ဆန္ဒခံယူပွဲ ထပ်လုပ်ရမယ်၊ ဒီအတွက် လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ ကြုံးဝါးနေကြပါတယ်။