ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုဒိမ်းမှု စွဲချက်အတွက် ဂျူလီယန် အက်ဆန်းကို စစ်ဆေးမေးမြန်း
မတော်မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ စွဲချက်အတွက် ဝီကီလိခ် ထူထောင်သူ ဂျူလီယန် အက်ဆန်းကို လန်ဒန်မြို့မှာ ရှိတဲ့ အီကွေဒေါ သံရုံးမှာ ဆွီဒင် အစိုးရ ရှေ့နေတွေက စစ်ဆေး မေးမြန်းနေပါတယ်။
၂၀၁၀ ခုနှစ်တုန်းက ဆွီဒင် အမျိုးသမီး တစ်ယောက်ကို မတော်မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ စွဲချက်အတွက် မေးမြန်းနေတာ ဖြစ်ပြီး သူကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဂျူလီယန် အက်ဆန်းဟာ အမေရိကန်ကို လွှဲအပ်ခံရမှာ စိုးတဲ့အတွက် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက လန်ဒန်မှာ ရှိတဲ့ အီကွေဒေါ သံရုံးမှာ ခိုလှုံ နေခဲ့တာ ဖြစ်ပါတယ်။
ဒီစွဲဆိုချက်ဟာ မဟုတ်မှန်ကြောင်းနဲ့ ဒါဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေကြောင်း သူက ပြောပါတယ်။
ဝီကီလိခ်က ဖော်ထုတ်ခဲ့တဲ့ အမေရိကန် လျှို့ဝှက် သတင်းတွေကြောင့် သူ့ကို အမေရိကန်ဆီ လွှဲပေးခံရမှာ စိုးတဲ့အတွက် ဆွီဒင်ကို သွားပြီး ဒီစွဲချက်ကို ရင်ဆိုင်ဖို့ သူက ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
အာဖဂန်နဲ့ အီရတ် စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ လျှို့ဝှက် မှတ်တမ်းဖိုင် ၅ သိန်းလောက်ကို ဝီကီလိခ်က ဖွင့်ချ ဖော်ပြခဲ့ပါတယ်။