ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အော်ရီဂွန်မှာ ထရမ့် ဆန့်ကျင်မှုတွေ ကြမ်းကြမ်းရမ်းရမ်း ဖြစ်ခဲ့
အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဒုတိယမြောက် ညအဖြစ် ဆက်လက် ပေါ်ပေါက်ခဲ့ရာမှာ အော်ရီဂွန် ပြည်နယ်၊ ပို့တ်လန်းမြို့က ဆန္ဒပြမှုတွေမှာတော့ အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
ပို့တ်လန်မြို့လယ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီးနောက် ဆိုင်ပြတင်းပေါက်တွေ ကားမှန်တွေကို ဖျက်ဆီးတာ၊ လမ်းပေါ် အစအနတွေ မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်။
အကြမ်းဖက် အုံကြွမှုအဖြစ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး လူ ၂၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ ညကလောက် အရေအတွက် မများခဲ့ပါဘူး။
မစ္စတာ ထရမ့် ကတော့ မီဒီယာတွေက လှုံ့ဆော်လို့ ခုလို ဆန္ဒပြကြတာလို့ ပြောပြီး ဆန္ဒပြသူတွေကို ပြစ်တင် ပြောဆိုခဲ့ ပါတယ်။
အော်ရီဂွန် ပြည်နယ်က မဲဆန္ဒရှင် ၅၁ ရာခိုင်နှုန်းက ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်ကို မဲပေးခဲ့တာ ဖြစ်ပြီး ထရမ့်က ၄၁ ရာနှုန်းသာ ရခဲ့တာ ဖြစ်ပါတယ်။