ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတ အပြောင်းအလဲ ကိစ္စ ဆွေးနွေးဖို့ အိမ်ဖြူတော်မှာ တွေ့
သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ ခဲ့ရတာဟာ အင်မတန် ဂုဏ်ယူ ရတယ်လို့ ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ် ထရမ့်က ပြော
အမေရိကန် သမ္မတ အပြောင်းအလဲ ကိစ္စ ဆွေးနွေးဖို့ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ ခဲ့ရတာဟာ အင်မတန် ဂုဏ်ယူ ရတယ်လို့ သမ္မတ ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ ဒေါ်နယ် ထရမ့်က ပြောပါတယ်။
နှစ်ဦးတွေ့ဆုံမှု အတွင်း ပြောဆို ခဲ့ကြ တာတွေဟာ ကျယ်ပြန့်သလို အင်မတန်မှလည်း အားရဖို့ ကောင်းတယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။
အတိတ် အချိန်တွေ တုန်းကတော့ အိုဘားမားဟာ အမေရိကန် နိုင်ငံသားမှ ဟုတ်ရဲ့လား ဆိုပြီး မစ္စတာ ထရမ့်က မေးခွန်း ထုတ်ခဲ့ပြီး အိုးဘားမား သမ္မတ ဖြစ်နေတာဟာ ဥပဒေနဲ့ မညီညွတ်ဘူး လို့ စွပ်စွဲ ခဲ့သူ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကြို ကာလတွေမှာ အိုဘားမား ကလည်း ထရမ့်ဟာ သမ္မတ ဖြစ်ဖို့ အရည်ချင်း လုံးဝ မပြည်မှီသူ လို့ ဝေဖန် ခဲ့ပါတယ်။