ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင် ရွေးကောက်ခံ အမတ်နှစ်ဦးကို တရုတ် ပိတ်ပင်
ဟောင်ကောင်မှာ ဥပဒေပြု ကောင်စီထဲ ရွေးကောက် တင်မြှောက်ခံထားရတဲ့ တစ်သီ ပုဂ္ဂလ အမတ် နှစ်ဦးကို တကယ်တမ်း ရာထူးနေရာ လက်ခံခြင်း မပြုနိုင်ဖို့ တရုတ် ပြည်မကြီး အစိုးရက ကြားဝင် ဟန့်တား ပိတ်ပင်လိုက်ပါတယ်။
ဒီမိုကရေစီ တောင်းဆိုသူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ ဆစ်တပ်စ် လွန်း Sixtus Leung နဲ့ ယောင်ဝေချင်း Yau Wai-ching တို့ နှစ်ယောက်ဟာ ကျမ်းသစ္စာ ကျိန်ဆိုကြစဉ် ပြည်မကြီး အစိုးရအပေါ် သစ္စာခံပါ့မယ် ဆိုတဲ့ အချက်ကို ထည့်သွင်း ကျိန်ဆိုဖို့ ငြင်းဆန်ခဲ့ကြတာပါ။
ဒါကြောင့် သူတို့နှစ်ဦးကို ကျန်းကျိန်ခွင့် ပိတ်ပင်ခဲ့ပြီး လွှတ်တော်ကနေ ထုတ်ပယ်ဖို့ သင့်မသင့် ဟောင်ကောင် တရားရုံးချုပ်က စဉ်းစားနေစဉ်မှာ တရုတ် အစိုးရက အခုလို မကြုံစဖူး စွက်ဖက်ပြီး သူတို့ နှစ်ယောက်ကို ဟန့်တား ပိတ်ပင် ခဲ့တာပါ။
ဒီကိစ္စအပေါ် ရုန်းရင်း ဆန်ခတ် ကန့်ကွက်မှုတွေ တနင်္ဂနွေနေ့ညက ဟောင်ကောင်မှာ ပေါ်ပေါက်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လွန်း ကတော့ သူ့အစိုးရ အနေနဲ့ တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာမယ်လို့ ပြောခဲ့ပါတယ်။