ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား ဒုံးကျည် ထပ်မံ စမ်းသပ်လို့ အမေရိကန်ပြော
မြောက်ကိုရီးယား နိုင်ငံက မအောင်မမြင် ဖြစ်ခဲ့ရတဲ့ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုကို ထောက်လှမ်း နိုင်ခဲ့တယ်လို့ အမေရိကန် စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
စနေနေ့က မြောက်ကိုရီးယား နိုင်ငံ ကူဆောင်း မြို့ မှာ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှု ကို လုပ်ခဲ့တာလို့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ဂယ်ရီ ရော့စ် က ပြောပါတယ်။
အရင်တုန်း က ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေ နဲ့ အခု လတ်တလော စမ်းသပ် ခဲ့တဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီးက ပြင်းပြင်းထန်ထန် ရှုံ့ချ ပြစ်တင် လိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံက မူဆာဒမ် တာလတ် ပစ် ဒုံးကျည် ကို စမ်းသပ် ပစ်ခတ် ခဲ့တာ လို့ ယူဆ ရပါတယ်။ ဒါပေမယ့် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှု နဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ဘက်က ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။