ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကန်တပ်တွေနဲ့ ဖိလစ်ပိုင် လေ့ကျင့်မှုရပ်
တောင်တရုတ်ပင်လယ်ထဲ အမေရိကန်တပ်တွေနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ရပ်ဆိုင်းလိုက်ပြီလို့ ဖိလစ်ပိုင် အစိုးရက အမေရိကန်ကို တရားဝင် ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။
ဒါအတည်ဖြစ်ပြီ ဆိုရင်တော့ ဒါဟာ ၂ နိုင်ငံ ဆက်ဆံရေးမှာ အပြောင်းအလဲကြီး ဖြစ်ပါတယ်။
သမ္မတ ဒူတာတေး တက်လာကတည်းက သူက ဖိလစ်ပိုင်ကို အမေရိကန်နဲ့ ကင်းကင်း ရပ်တည်လိုတယ်လို့ ဆိုပါတယ်။
သမ္မတဟောင်း လက်ထက်ကတော့ တရုတ် သြဇာကြီးမြင့်လာတာကို ကာကွယ်ဖို့ အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား စစ်ရေး လေ့ကျင့်မှုတွေ တိုးမြှင့် ဆောင်ရွက်ခဲ့ပါတယ်။