ပရီမီးယားလိဂ် ဘောလုံးရာသီ ပြန်စ

ဓာတ်ပုံ ရင်းမြစ်, Getty
အင်္ဂလန် ပရီမီးယားလိဂ်ဘောလုံးရာသီသစ် ဒီနေ့ စတင်ပြီ ဖြစ်ပါတယ်။
အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟန် ဟော့ စပါးတို့ရဲ့ ပွဲဦးထွက် ပွဲစဉ်မှာတော့ မန်ယူက တစ်ဂိုး သုညနဲ့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီး အသင်းကလည်း ဆွမ်ဆီးနဲ့ ကစားပြီး ဒီနှစ်မှ ပရီမီးယားလိဂ်ကို တက်လာတဲ့ ဘွန်းမာ့သ်၊ ဝပ်ဖို့ နဲ့ နောရစ် အသင်းတွေလည်း ကစားကြပါတယ်။
ဘွန်းမာ့သ်အသင်းဟာ ပရီမီးယားလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကစားနိုင်တာ ဖြစ်ပါတယ်။
လက်ရှိ ပရီမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီးအသင်းက မန်နေဂျာ မော်ရင်ညိုကတော့ ဒီနှစ်မှာ ဖလားကို ဆက်ကိုင်ထားနိုင်ဖို့က အတော်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်တယ်လို့ ရာသီအစမှာ ပြောကြားလိုက်ပါတယ်။




