မြောက်ကိုရီးယား ဒုံးကျည်လွှတ်

တာဝေးပစ် ဒုံးပျံတစင်း ပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားကို နိုင်ငံတကာက ဝေဖန် နေကြပါတယ်။
ဒုံးကျည် ပြိုကွဲပြီး လွှတ်ပြီး မကြာခင်မှာပဲ ပင်လယ်ထဲ ကျသွားတယ်လို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ဆိုပါတယ်။
မြောက်ကိုရီးယား ဘက်ကတော့ ဘာမှ မထုတ်ပြန် ပါဘူး။
တိုက်ရိုက် ထုတ်လွှတ်တာ မရှိဘဲ ဒုံးပျံလွှတ်ပွဲ တက်တဲ့ နိုင်ငံခြား သတင်းထောက် တွေကိုလည်း ဘာမှ မပြောဘူးလို့ ပြုံယမ်းက ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
လွှတ်တင်မှု မအောင်မြင် ပေမယ့်လည်း ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေပြီး နိုင်ငံတကာ ဥပဒေ ကိုလည်း ချိုးဖောက်တယ်လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။




