ဘင်လာဒင် သေဆုံးပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိုစမာ ဘင်လာဒင်ကို အမေရိကန်တပ်က ပါကစ္စတန်နိုင်ငံမှာ ချေမှုန်းနိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ကြေငြာလိုက်ပါတယ်။
အိမ်ဖြူတော်ကနေ တနင်္ဂနွေညနက်ပိုင်းမှာ သမ္မတ အိုဘားမားက ရုပ်မြင်သံကြားကနေ ကြေငြာခဲ့တာ ဖြစ်ပါတယ်။
အစ္စလမ်မာဘတ် မြို့ရဲ့ မြောက်ဘက် အဘော့တာဘတ်မြို့က အိမ်ကြီးတစ်လုံးထဲမှာ ရှိနေတဲ့ ဘင်လာဒင်ကို ပါကစ္စတန်အာဏာပိုင်တွေရဲ့ ပူးပေါင်းကူညီမှုနဲ့ အမေရိကန်တပ်ကနေ ပစ်သတ်နိုင်ခဲ့ပြီး အခု သူ့ရဲ့ ရုပ်အလောင်းကို ထိန်းသိမ်းထားတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အယ်လ်ခိုက်ယီးယားအဖွဲ့ တည်တောင်သူနဲ့ အဖွဲ့ခေါင်းဆောင် ဘင်လာဒင်ကို ၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကြီးရဲ့ တရားခံအဖြစ် အမေရိကန်က အပြင်းအထန်အလိုရှိခဲ့သူ ဖြစ်ပါတယ်။
x x x
ဘင်ဘာဒင်နဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းအပြည့်အစုံကို ရေဒီယိုအစီအစဉ်မှာ နားဆင်နိုင်ကြပါတယ်။




