မြန်မာ သမ္မတ နယူးဒေလီရောက်

ဓာတ်ပုံ ရင်းမြစ်, epa
မြန်မာ သမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီတို့ တနင်္လာနေ့က နယူးဒေလီမှာ တွေ့ဆုံ ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ကုန်သွယ်ရေး၊ နယ်စပ် လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး၊ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒိနောက် ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးပေါ်က တမူး- ကလေးဝ လမ်း တည်ဆောက်ရေးနဲ့ ပလက်ဝ- ယာကြီး လမ်းပိုင်း တည်ဆောက်ရေး နားလည်မှု စာချွန်လွှာတွေ လက်မှတ် ထိုးခဲ့ကြပါတယ်။
ပုဂံ ဘုရား ပြုပြင်ရေး ကိစ္စတွေ အိန္ဒိယ က ကူညီသွားမယ်လို့လည်း သိရပါတယ်။




