ဝ၊မိုင်းလားအဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ်

UWSA ၀အဖွဲ့နဲ့ မိုင်းလား အဖွဲ့ ခေါင်းဆောင်တွေ ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒီကနေ့ ဇူလိုင်လ ၂၉ရက်နေ့မှာ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
UWSA ၀အဖွဲ့ကို ဒုဥက္ကဌ ဦးပေါက်ယူယီ၊ မိုင်းလား အဖွဲ့ကို ဥက္ကဌ ဦးစိုင်းလင်းတို့က ဦးဆောင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ကျော်နဲ့ နေပြည်တော်ကို ရောက်ရှိလာတာပါ။
၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပဖို့၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်ဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမှာ ဖြစ်ပြီး ဒီခရီးစဉ်ဟာ ကြီးမားတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။




