လက်နက်ကိုင် အဖွဲ့ အားလုံး အပေါ် တပြေးညီ သဘောထား သင့်တယ်လို့ အေအေ ပြော

ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ ကြိုးစား ကြတဲ့ အခါ အစိုးရ စစ်တပ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ အားလုံး အပေါ် တပြေးညီ သဘောထား ဆက်ဆံ သင့်တယ်၊ Double Standard လို့ ခေါ်တဲ့ တစ်ဖွဲ့ အပေါ် တမျိုး သဘော ထား တာမျိုး မဖြစ် သင့်ဘူး ဆိုပြီး ရက္ခိုင့် တပ်မတော် AA ရဲ့ စစ်ဦးစစ်ချုပ် ဗိုလ်မှုးချုပ် ထွန်းမြင့်နိုင် က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပေါင်းစုံ အစည်းအဝေး ပြုလုပ် နေရာ ကချင် ပြည်နယ် မိုင်ဂျာယန် မှာ ရှိနေတဲ့ အေအေ အဖွဲ့ ခေါင်းဆောင် က အခုလို ပြော လာတာပါ။
တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင်ဖို့ အစိုးရ စစ်တပ် ဘက်က လက်မခံ ဖြစ်နေတဲ့ ကိုးကန့် MNDAA ၊ တအောင်း အဖွဲ့ TNLA နဲ့ ရခိုင် AA အဖွဲ့ တွေ အထဲ က AA တစ်ဖွဲ့ပဲ မိုင်ဂျာယန် ညီလာခံကို လာတက် နေတာ ဖြစ်ပါတယ်။
အစိုးရက ကျင်းပဖို့ စိုင်းပြင်း နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ မှာ အဖွဲ့ အားလုံး ပါဝင်ရေးကို ပြောဆို နေကြ ပေမယ့် NCA ထဲ လက်နက်ကိုင် အဖွဲ့ တချို့ကို အစိုးရ စစ်တပ် ဘက်က ပါဝင်ခွင့် မပြုတာမျိုးလို တစ်ဆို့ စေနိုင်တဲ့ ချည်နှာင်မှု မျိုးလည်း ရှိနေတယ်လို့ ဗိုလ်မှုးချုပ် ထွန်းမြင့်နိုင် က ဆိုပါတယ်။
၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်ခင် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့ တွေ အားလုံး အကြား ဘုံ သဘောတူမှု တွေ ရရှိလာဖို့ မျှော်လင့်ချက် နဲ့ မိုင်ဂျာယန် ညီလာခံကို ကျင်းပ နေတာ ဖြစ်ပါတယ်။




