NLD အမတ်တွေ လွှတ်တော်တွင်း မေးမြန်း အဆိုတင်ပုံတွေ နဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ညွှန်ကြား

assk_mps_meeting
ဓာတ်ပုံ ပုံစာ, လွှတ်တော် စည်းမျည်းစမ်းကမ်း တွေ နဲ့ ညီဖို့ လိုအပ်သလို၊ NLD ပါတီ ရဲ့ မူဝါဒ တွေ နဲ့လည်း ကိုက်ညီ ရမယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် အမတ် တွေ နဲ့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ မတ်လ ၁ ရက်နေ့က တွေ့ဆုံ ခဲ့တာ မှာ လွှတ်တော်တွင်း မေးခွန်းတွေ မေး၊ အဆိုတွေ တင် လုပ်တဲ့ အခါ တိုင်းပြည် အကျိုးကို ရှေးရှု ရည်ရွယ်ပြီး လုပ်ဆောင် ရမယ် လို့ ပြော ခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော် စည်းမျည်းစမ်းကမ်း တွေ နဲ့ ညီဖို့ လိုအပ်သလို၊ NLD ပါတီ ရဲ့ မူဝါဒ တွေ နဲ့လည်း ကိုက်ညီ ရမယ် ဆိုပြီး တော့လည်း ပါတီ ဥက္ကဌ က ပြောခဲ့တယ် လို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမတ်တချို့က ဘီဘီစီ ကို ပြောပါတယ်။

NLD အမတ် တွေ နဲ့ ပတ်သက်ပြီး တိုင်ကြားလို့ ရနိုင်တဲ့ ဌာန တစ်ခု ဖွင့်လှစ် ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က အသိပေး ခဲ့တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက NLD အမတ် တွေကို ပါတီ တွင်း စစ်ဆေး ခဲ့တဲ့ စာမေးပွဲ မှာလည်း တစ်မှတ် မှ မရ ခဲ့တဲ့ သူတွေ ရှိနေလို့ ပိုပြီး ကြိုးစား ကြဖို့ ပါတီ ဥက္ကဌ က တိုက်တွန်း ခဲ့တယ် လို့ ဆိုပါတယ်။

NLD အမတ်တွေ လွှမ်းမိုးတဲ့ လွှတ်တော် အသီးသီး ပေါ်ပေါက် လာခဲ့ အပြီး အခုလို ပြည်ထောင်စု အဆင့် လွှတ်တော် အမတ် အားလုံးကို တစ်စုတစ်စည်းတည်း အနေနဲ့ ပထမဆုံး အကြိမ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။