တိုင်းသားအဖွဲ့တွေနဲ့ ဝန်ကြီး ဦးအောင်မင်းတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, unfc
တနိုင်ငံလုံး အပစ် ရပ်စဲရေး စာချုပ် nca မှာ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့တို့ တနင်္လာနေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။
တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် nca နဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေး ညှိနှိုင်း မှုတွေ လုပ်ခဲ့ တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ unfc အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် က ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်း ကတော့ nca လက်မှတ် ထိုးဖို့ ကျန်တဲ့ အဖွဲ့တွေကို တံခါး ဖွင့်ထားဆဲ ဖြစ် တယ်လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ တုန်းကတော့ unfc က ကြေညာချက် ထုတ်ပြန်ရာမှာ အစိုးရဟာ nca ကို စစ်ရေး နိုင်ငံရေး လက်နက်လို အသုံးချ နေတယ်လို့ စွပ်စွဲထား ပါတယ်။
အကြောင်း ကတော့ အခု လက်ရှိ nca လက်မှတ် ထိုးထားတဲ့ RCSS/SSA တပ်ဖွဲ့ တွေနဲ့ လက်မှတ် မထိုး ထားတဲ့ TNLA တို့ အကြား တိုက်ပွဲ တွေ နဲ့ ပတ်သက် နေတယ်လို့ ခူးဦးရယ်က ပြောပါတယ်။
ဒါပေမယ့်လည်း တနင်္လာနေ့ ဆွေးနွေးပွဲမှာ အစိုးရ တပ်ဟာ RCSS ဘက်ကနေ ကူညီ ပေးနေတယ် ဆိုတာ မဟုတ်ကြောင်း ဝန်ကြီး ဦးအောင်မင်း တို့ ဘက်က ပြောတယ်လို့ ခူးဦးရယ်က ဆိုပါတယ်။




