NLD လွှတ်တော်နဲ့ စိန်ခေါ်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, AP
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အများစု နေရာရတဲ့ လွှတ်တော် အသစ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင် အသက်ဝင် လာတော့မှာပါ ။
နှစ်ပေါင်း ၅ဝ ကျော် အတွင်း အရပ်ဘက်က ဦး ဆောင် တဲ့ ပါတီတခု ကြီးစိုးတဲ့ လွှတ်တော်မှာ တာဝန်တွေ အများကြီးနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ် လို့ ဧရာဝတီ သတင်း ဌာန အယ်ဒီတာချုပ် ဦး အောင်ဇော် က ပြောပါတယ်။
ဒီလွှတ်တော် မှာ အဓိက ကိုင်တွယ်ရမယ့် ကိစ္စက ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် တွေပဲ လို့လည်း ဆိုပါတယ်။
ဒီလွှတ်တော်မှာ အကြေအလည် ဆွေးနွေးဖို့ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ် ကိုယ်စားလှယ်တွေ ကြိုတင် ရွေးချယ် ထားတယ်လို့လည်း သိရပါတယ်။
တပ်ဘက်ကလည်း ငြိမ်းချမ်းရေး ရဖို့ အစိုးရသစ်နဲ့ လက်တွဲလုပ်သွားမယ် ဆိုတဲ့ အတွက် ဘေးကျပ်နံကျပ် ဖြစ်မယ့်လမ်းကို ရွေးမှာ မဟုတ်ဘူးလို့ ဦး အောင်ဇော် က ပြောပါတယ်။
မြန်မာ နိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းဖို့ တပ်နဲ့ NLD ဘက်က ပြင်ဆင် နေတာမို့ ဒါကို သေချာ နားလည်အောင် ပြင်ဆင် ပြီးမှ ဖြေရှင်း သင့်တယ် လို့လည်း ပြောကြား သွားပါတယ် ။




