အာဏာပိုင် အဖွဲ့အစည်းတွေထဲ အကျင့်ပျက်မှု အခြေအနေ

_corruption_myanmar
ဓာတ်ပုံ ပုံစာ, အကျင့်ပျက်မှု အကင်းစင်ဆုံး အဆင့် ၁ ဒိန်းမတ် နိုင်ငံ ကို အမှတ် ၁၀၀ မှာ ၉၁ မှတ် ပေးထားပြီး၊ မြန်မာ ကို တော့ ၂၂ မှတ် ပဲ ပေးထား ပါတယ်။

မြန်မာ နိုင်ငံထဲက အာဏာပိုင် အဖွဲ့အစည်းတွေထဲ အကျင့်ပျက်မှု အခြေအနေ ကို အတော်လေး ဆိုးနေတဲ့ အဆင့်အတန်းမှာ Transparency International အဖွဲ့ က ထည့်သွင်း ထားပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် ခြစား မှု တွေကို စောင့်ကြည့် လေ့လာ နေတဲ့ Transparency International လို့ ခေါ် တဲ့ အဖွဲ့ ရဲ့ ထုတ်ပြန် ချက် အရ မြန်မာ နိုင်ငံ ဟာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ထဲမှာ အဆင့် ၁၄၇ ရှိနေပါတယ်။

အကျင့်ပျက်မှု အကင်းစင်ဆုံး အဆင့် ၁ ဒိန်းမတ် နိုင်ငံ ကို အမှတ် ၁၀၀ မှာ ၉၁ မှတ် ပေးထားပြီး၊ မြန်မာ ကို တော့ ၂၂ မှတ် ပဲ ပေးထား ပါတယ်။

ဒီ ရမှတ် ဟာ အခြေအနေ အတော် ဆိုးတာ ကို ပြသ နေပြီး အစိုးရ ဌာန တွေ အပါအဝင် လွှတ်တော် နဲ့ တရားရေးရာ ကဏ္ဍ တွေကို လေ့လာပြီး ထုတ်ပြန် တာ လို့ Transparency International အဖွဲ့ ရဲ့ အာရှပိုင်းရေးရာ ဌာန အကြီးအကဲ က ဆိုပါတယ်။

အဂတိ လိုက်စား မှု ကို ကိုင်တွယ်ရ မယ့် အာဏာပိုင် အဖွဲ့အစည်း အသီးသီး တွေ ကိုယ်တိုင် ခြစားမှု တွေ ရှိနေ တဲ့ အတွက် အစိုးရ နဲ့ မသက်ဆိုင် တဲ့ လွတ်လပ်တဲ့ ကော်မရှင် တစ်ရပ် ဖွဲ့စည်း ထားရှိ သင့်တယ် လို့ Transparency International အဖွဲ့ က ဘီဘီစီ ကို ပြောပါတယ်။