တရားရေးစနစ် ပြောင်းလဲဖို့ NLD စဉ်းစား

မြန်မာနိုင်ငံ တရားရေး စနစ်ကို ပြောင်းလဲ ရာမှာ တရားသူကြီး တွေ အပြောင်းအလဲ အပြင် လုပ်ပိုင်ခွင့် တွေကိုပါ ပြောင်းလဲဖို့ လိုအပ်တဲ့ အတွက် တရားရေး စနစ် ပြုပြင် ပြောင်းလဲဖို့ NLD က စဉ်းစား နေပြီ ဖြစ် ပါတယ်။
တရားစီရင်ရေး မှာ အုပ်ချုပ်ရေးက ဝင်မစွက်ဖို့ မူဝါဒ NLD မှာ ရှိသလို တရားသူကြီး တွေက ဥပဒေနဲ့ အညီ စီရင် ဆုံးဖြတ် သွားဖို့ လည်း NLD က လိုလားပါတယ်။
ဖွဲ့စည်းပုံ မှာ ပါတဲ့ တရားသူကြီး ခန့်တဲ့ စနစ်က စပြီး ပြောင်းလဲ သွားမယ် လို့ NLD ဥပဒေအကြံပြု ဦးကိုနီက ပြောပါတယ်။
လောလောဆယ် ဥပဒေ အရ သမ္မတ သဘောနဲ့ ပြည်ထောင်စု တရားသူကြီး တွေကို ရွေးချယ် ခန့်ထားနိုင်ပါတယ်။
တရားရေးမှာ အုပ်ချုပ်ရေး မလွှမ်းမိုး နိုင်ဖို့ တရားသူကြီး ခန့်အပ်ပုံ ကစပြီး လွတ်လပ်စွာ တာဝန်ယူ ဆောင်ရွက်နိုင်သူတွေ ကို ရွေးချယ် ခန့်အပ်ဖို့၊ အဂတိ လိုက်စားမှု ပပျောက်အောင် ပညာရှင် တွေနဲ့ စီမံ ရေးဆွဲသွားမယ် လို့ သိရပါတယ်။




