တပ်နေရာချရေးမှ မပြေလည်ရင် ကျန်အရေးတွေ ရှေ့ဆက်ဖို့ခက်

ဓာတ်ပုံ ရင်းမြစ်, AFP
ရှမ်းပြည်နယ် ထဲ တိုက်ပွဲတွေ တစ်လ ကျော် ကြာအောင် ဖြစ်ခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ အစိုးရ အကြား ဒုတိယ အကျော့ ဆွေးနွေးပွဲ တွေ ၂ ရက် ကြာ ဆွေးနွေး နေပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့ ဒုတိယမြောက် နေ့မှာလည်း နှစ်ဘက်တပ် တွေ နေရာ ချ ထားရေး နဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေး ရဦးမှာ ဖြစ်တယ်လို့ SSPP ဘက်က ဘီဘီစီ ကို ပြောပါတယ်။
မိုင်းနောင်-မိုင်းရှုး ကားလမ်း ကို အလယ်မှာ ထားလို့ SSPP တပ် တွေ ကို ကားလမ်း မြောက်ဘက် ရွှေ့ပေး ရမယ် ဆိုပြီး အစိုးရ ဘက် က တောင်းဆို နေတာ ဖြစ်တယ် လို့ SSPP ပြောခွင့်ရ စိုင်းဖုန်းဟန် က ဆိုပါတယ်။
စစ်ပြေး ဒုက္ခသည် တွေ နေရပ် ပြန်လာရေး နဲ့ စစ်ဒဏ် ခံခဲ့ရတဲ့ ကျေးရွာတွေ မှာ စာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ် နိုင်ရေး ကိစ္စ တွေ လည်း ဆွေးနွေး တဲ့ အထဲ ပါဝင် ပေမယ့် တပ် နေရာ ချရေး ကိစ္စ ကို အပြီး သတ် သဘော တူ နိုင်မှာ ကျန် ကိစ္စတွေ လည်း အထ မြောက် လာ နိုင်တဲ့ အခြေအနေ ရှိ နေပါတယ်။




