မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ကြိုဆို

ဓာတ်ပုံ ရင်းမြစ်, epa
မြန်မာ့ နိုင်ငံရေး သမိုင်းမှာ အထင်ကရ ဖြစ်စမယ့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့တဲ့ အပေါ် ကြိုဆိုတယ် ဆိုပြီး အမေရိကန် အစိုးရ က ပြောပါတယ်။
ဒါပေမယ့် ဆက်လက် တည်ဆောက် ရမှာတွေ နဲ့ စနစ်တကျ အကောင်အထည် ဖော်ရမှာတွေ ရှိသေးတယ် လို့လည်း အမေရိကန် အစိုးရ က တိုက်တွန်းပါတယ်။
လူအများအပြား မဲလာ ပေးခဲ့တဲ့ အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ချီးကျူး ပြောဆို ခဲ့ပါတယ်။
ရွေးကောက်ပွဲဟာ အစစ အရာရာ ပြီးပြည့်စုံတယ် လို့ မပြောနိုင် ပေမယ့်၊ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်တယ် လို့ လည်း ဆိုပါတယ်။




