ကချင်နဲ့ ကရင် ဒေသတချို့ ရွေးကောက်ပွဲ မလုပ်နိုင်

ဓာတ်ပုံ ရင်းမြစ်, AP
ကချင် ပြည်နယ် နဲ့ ကရင် ပြည်နယ် ထဲက တချို့ ဒေသတွေမှာ လုံခြုံရေး အနေ အထားကြောင့် ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ မရှိ ဘူးလို့ သိရပါတယ်။
ကချင် ပြည်နယ် တချို့ မြို့နယ် တွေမှာ တိုက်ပွဲ တွေ ဖြစ်ပွား နေတာကြောင့် စောင့်ကြည့် နေရ သလို၊ ကရင် ပြည်နယ် မှာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းတွေရဲ့ အနီး တစ်ဝိုက် မှာရှိ ပြီး လုံခြုံရေး ကြောင့် မကျင်း ပနိုင် တာ ဖြစ်တယ် လို့ ပြည်နယ် ကော်မရှင်တွေ ဘက်က ပြောပါ တယ်။
ကရင် ပြည်နယ် ထဲက ကျေးရွာ ပေါင်း ၄၀၀ ကျော် ရှိတဲ့ နေရာ မှာ တစ်ရာ ကျော်က တော့ ရွေးကောက်ပွဲ မလုပ်ဖို့ သေချာ သွားပြီလို့ ကရင် ပြည်နယ် ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ က ပြောပါတယ်။
ဒီလို ရွေးကောက်ပွဲ မကျင်းပ နိုင်တဲ့ အခြေ အနေ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြ ထားပြီး ဖြစ်တယ် လို့ လည်း ပြောပါတယ်။
ကချင် ပြည်နယ် မှာ လည်း လတ်တလော အစိုးရ စစ်တပ် နဲ့ ကချင် လွတ်မြောတ်ရေး တပ်တို့ကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေ အခြေ အနေ ကြောင့် ဆွန်ပရာ ဘွန်တို့ မန်စီတို့ ဘက်မှာ စောင့်ကြည့် နေရ တဲ့ အခြေ အနေ ရှိပါတယ်။
ကချင် ပြည်နယ် မှာ လက် ရှိ ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေကြောင့် မဲ ရုံပေါင်း ၈၀၀ ကျော် ဖွင့်ဖို့ လျာထားတဲ့ နေရာ မှာ အနည်း ဆုံး ၅၀ နဲ့ တစ်ရာ ကြား မဲ ရုံတွေ ဖွင့်ဖို့ မလွယ် နိုင်ဘူးလို့ ကချင် ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္တဌ ဒေါက်တာ တူးဂျာ က ပြောပါတယ်။
ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ကတော့ အဲလိုမဲ ရုံတွေ ပိတ် ရရင် အဲဒီ ဒေသက လူတွေ လုံခြုံတဲ့ နေရာ မှာ မဲ ပေးနိုင် ဖို့ စီစဉ် သွားမယ် လို့ ပြောပါတယ်။




