တအာင်းပလောင် ဒေသထဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေ

_ta_ang_national_liberation_army

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်။

ရှမ်းပြည် မြောက်ပိုင်း တအာင်း ပလောင်ဒေသ နေရာ အနှံ့မှာ အခုလ စက်တင်ဘာ ၁၉ ရက် နေ့ ကစပြီး ဒေသခံ တအောင်းပလောင် လက်နက်ကိုင် TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။

နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေ မှာ အစိုးရ တပ်တွေ နဲ့ ကြား တိုက်ပွဲတွေ၊ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ် နေတယ် လို့ TNLA က ပြောပါတယ်။

အစိုးရတပ် တွေ ဟာ နယ်မြေခံ အခြေစိုက် တပ် တွေ မဟုတ်ပဲ တပ်မ ၇၇၊ ၈၈ နဲ့ ၉၉ လက်အောက်ခံ တပ်တွေ ဖြစ်ပြီး အဲဒီ့ တပ်တွေဟာ TNLA လှုပ်ရှား ရာ နယ်မြေ တွေ ကို ဝင်ရောက်ကာ လိုက်လံ တိုက်ခိုက် နေတာ ဖြစ်တယ် လို့ TNLA ရဲ့ ပြောခွင့်ရ မိုင်အိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ဒီ ရက်ပိုင်း တိုက်ပွဲ တွေမှာ အစိုးရ တပ်သား ၃၀ ကျော် ကျဆုံးပြီး ဖြစ်တယ် လို့ သတင်းတွေ ထွက် နေပေမယ့် သီးခြား အတည်ပြုမှု တော့ မရရှိ သေးပါဘူး။

တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ မပါဝင် ရဘူး ဆိုပြီး အစိုးရ ဘက်က ငြင်းဆန် ထားတဲ့ တိုင်းရင်းသား တပ်တွေ ထဲ TNLA ပါဝင်ပေမယ့်၊ ပြီး ခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ကပဲ မြန်မာ ငြိမ်းချမ်းရေး စင်တာ က တဆင့် bilateral လို့ ခေါ်တဲ့အစိုးရ နဲ့ TNLA ကြား ၂ ဖွဲ့ချင်း အပစ်ရပ် လက်မှတ် ထိုးဖို့ ကမ်းလှမ်း ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလို ပြောပြီး နောက် တစ်ရက်မှာ ပဲ တအာင်း ပလောင်ဒေသ ထဲ တိုက်ပွဲတွေ ဖြစ်ပေါ် လာခဲ့ ပါတယ်။