TNLA ကို အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်း

TNLA army

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, TNLA army

အစိုးရ က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဒီကနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

ပလောင် တပ်ဖွဲ့ အပေါ်မှာ ငြိမ်းချမ်းရေး ကမ်းလှမ်း လာတာနဲ့ ပါတ်သက်လို့ ချက်ခြင်း အဖြေ ပေးဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ပလောင် တပ်ဖွဲ့ဟာ ရခိုင် တပ်မတော်(AA)၊ ကိုးကန့် အဖွဲ့တို့နဲ့ မဟာမိတ် လုပ်ထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၃ ဖွဲ့လုံး ပါဝင်မှ ငြိမ်းချမ်းရေး ကို လက်မှတ် ထိုးမယ်လို့ ကနဦး သဘောတူညီ ထားလို့လဲ ဖြစ်ပါတယ်။ ဒီအကြောင်းတွေ ကြောင့် မို့လို့ ဖြစ်နိုင်ချေ အင်မတန် နည်းတယ်လို့ ဆိုပါတယ်။

တခြား အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ နဲ့ အတူတူ ဖြစ်အောင် ရွေးကောက်ပွဲ ပြီးတဲ့ အချိန်မှာ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ထိုးဖို့ မြန်မာငြိမ်းချမ်းရေး စင်တာ က ဦးညိုအုန်းမြင့် က တယ်လီဖုန်းနဲ့ ဆက်သွယ် ကမ်းလှမ်းခဲ့တာ လို့ ပလောင် လွတ်မြောက်ရေး တပ်ဦးက အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။

တအောင်း ပလောင် လွတ်မြောက်ရေး တပ်ဦး အနေနဲ့ကတော့ ဗဟိုကို တင်ပြပြီး မှ အကြောင်း ပြန်ကြားမယ်လို့လဲ ပြောပါတယ်။ တအောင်း ပလောင် လွတ်မြောက်ရေး တပ်ဦး အနေနဲ့ ပြန်ပြောတာက ဒီကနေ့ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အရ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ထိုးမယ် ဆိုရင် အခု အစိုးရ က လက်ခံထားတဲ့ ၁၅ ဖွဲ့ထဲ လက်မှတ် ထိုးရုံနဲ့ တစ်ပြည်လုံး အတိုင်း အတာနဲ့ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူး၊ လက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ ရခိုင် တပ်မတော် အဖွဲ့ (AA) ရှိတယ်၊ ကိုးကန့် အဖွဲ့ (MDNAA) ရှိတယ်။

အဲဒီ အဖွဲ့တွေ အကုန်လုံး ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုး မှသာလျှင် တစ်ပြည်လုံး အတိုင်း အတာ အနေနဲ့ တစ်ကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ရတာမျိုး ဖြစ်မယ် လို့ ပြန်ကြား ခဲ့ကြောင်း ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆက်လက် ပြောဆိုပါတယ်။

တအောင်း ပလောင် အဖွဲ့ အနေနဲ့ကတော့ မြန်မာ ငြိမ်းချမ်းရေး စတင်တာက ဒီကနေ့မှ ကပ်ပြီး ဖုန်းဆက်တာ ဖြစ်တဲ့ အတွက် ကျန်တဲ့ အဖွဲ့ (၂)ဖွဲ့ အနေနဲ့ အခု အခြေအနေကို လက်ခံနိုင်၊ လက်မခံနိုင် တိုင်ပင်ပြီးမှ ပြန်လည် အကြောင်း ကြားမယ် ပြီးတော့ အစိုးရ အဖွဲ့ အနေနဲ့ အမှန်တကယ် အလုပ်လုပ်ပြီလား ဆိုတာ မသိနိုင်သေးတဲ့ အကြောင်းနဲ့ သူတို့ သဘောထားကတော့ အားလုံး ပါဝင်ရေး မှုကို ဆက်လက် ဆုပ်ကိုင် ထားတယ်လို့ ဆိုပါတယ်။