၁၆ ဖွဲ့လုံး ပါမှ ငြိမ်းချမ်းရေး လက်မှတ် ထိုးမယ်

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် လက်မှတ် ထိုးတဲ့ နေရာမှာ လက်နက်ကိုင် ၁၆ ဖွဲ့ စလုံး ပါဝင်ရေး ဆိုတဲ့ တိုင်းရင်းသားတွေ ဘက်က တင်ပြ ထားတဲ့ အချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ဘက်က တစုံ တရာ အလျှော့ ပေးမှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်။
တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့က ဦးနိုင်ဟံသာက အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး အဖွဲ့ တချို့ကို ချန်ထားရင် တနိုင်ငံလုံး အပစ် ရပ်စဲရေး မမြောက် နိုင်ဘူးလို့ သူက ဆိုပါတယ်။
နောက်ပြီး ဒီအဖွဲ့တွေ ဟာ တိုက်ဖေါ် တိုက်ဖက် ဆွေးနွေးဖေါ် ဆွေးနွေး ဖက်တွေ ဖြစ်တာကြောင့်လည်း သူတို့ကို ချန်မထား ခဲ့နိုင်ဘူးလို့ ဦးနိုင်ဟံသာက ပြောပါတယ်။
တနိုင်ငံလုံး အပစ် ရပ်ရေး စာချုပ် အတွက် တိုင်းရင်သား တွေရဲ့ ပြင်ဆင်ချက်တွေ ထဲက၊ အစိုး အနေနဲ့ သဘော မတူ နိုင်သေးတဲ့ အချက် ၃ ချက်ကို တိုင်းရင်းသားတွေ ဘက်က ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ပြန်ညှိနှိုင်း နေကြတာ ဖြစ်ပါတယ်။
တခြား ၂ ချက် ဖြစ်တဲ့ လက်မှတ်ထိုးမယ့်သူ နဲ့ သက်သေ ပါမယ့် သူတွေ နဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေ ဘက်က တစုံ တရာ လျှော့ကောင်း လျှော့လာနိုင် ပေမယ့် ၁၆ ဖွဲ့လုံး ပါရေး ကိုတော့ လျှော့မှာ မဟုတ်ကြောင်း ပြောကြား လိုက်တာ လည်း ဖြစ်ပါတယ်။
ချင်းမိုင်က ညှိနှိုင်း ဆွေးနွေး မှုတွေကို ဇူလိုင်လ ၂၈ ရက် နေ့မှာ ပြီးဆုံးဖို့ ရှိပေမယ့် အဆုံး မသတ်နိုင်တဲ့ အတွက် ဇူလိုင် ၂၉ ရက် နေ့မှာလည်း ဆွေးနွေးကြ ဦးမှာ ဖြစ်ပါတယ်။




