မြန်မာရဲ့ ထောင်တစ်သက် ပြစ်ဒဏ်တွေကို တရုတ် ကန့်ကွက်

သစ်လုံး တင်ပို့မှုကို မြန်မာက မနှစ်က ပိတ်ပင်ခဲ့။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သစ်လုံး တင်ပို့မှုကို မြန်မာက မနှစ်က ပိတ်ပင်ခဲ့။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ သစ်ခိုးထုတ်မှုနဲ့ တရုတ် နိုင်ငံသား ၁၅၀ ကျော်ကို ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကို တရုတ် ဘက်က ကန့်ကွက် လိုက်ပါတယ်။

တရုတ် အစိုးရပိုင် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဒီ ပြစ်ဒဏ်ဟာ ပြင်းထန် လွန်းတယ်လို့ ရေးသားကြပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာနကလည်း သူတို့ရဲ့ စိုးရိမ်ချက်ကို အလေးအနက် စဉ်းစားဖို့ မြန်မာဘက်ကို ပြောကြားထားတယ်လို့ ဆိုပါတယ်။

တရုတ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကတော့ ဒီအဖြစ်ဟာ တရုတ် မြန်မာ ဆက်ဆံရေးမှာ နောက်ထပ် ဆုတ်ယုတ်မှု လက္ခဏာ တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို တရုတ် ကုမ္ပဏီတွေက လာရောက် ထုတ်ယူ အသုံးချနေတာကို မြန်မာ နိုင်ငံတွင်းမှာ မကျေနပ်မှုတွေ ရှိနေတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။