ကတိချိုးဖောက်တဲ့ လွှတ်တော်နဲ့ အစိုးရ ဖြစ်တယ်လို့ ဗကသ ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, b
ပြည်ထောင်စု လွှတ်တော် ကနေ ပြင်ဆင် အတည်ပြု ပြီး သမ္မတ ဆီ ပေးပို့ ထား တဲ့ အမျိုးသား ပညာရေး ဥပဒေ ဟာ ၄ပွင့်ဆိုင် သဘောတူ မှု တွေ ကို မျက်ကွယ် ပြုထား တဲ့ အတွက် ကတိကဝတ် တွေ ကို ချိုး ဖောက်တဲ့ လွှတ်တော် နဲ့ အစိုးရ ဖြစ်တယ် ဆိုပြီး ဗကသများ အဖွဲ့ ချုပ် က စွပ်စွဲ ပြစ်တင် လိုက် ပါတယ်။
လက်ပံတန်း မှာ ဒီမိုကရေစီ ပညာရေး သပိတ် အဖြိုခွဲ ခံခဲ့ ရပြီး သပိတ်မှောက် ကျောင်းသား တွေ နဲ့ ဝန်းရံသူ တွေ ဖမ်းဆီး ခံ ထား တဲ့ အခု အချိန် မှာ လမ်းပေါ် ထွက် ဆန္ဒ ပြ မှု တွေ လုပ်ဆောင် ဖို့ အခြေ အနေ မှာ မရှိ ပေမယ့် လွှတ်တော် နဲ့ အစိုးရ တို့ ဘက် က ၄ပွင့်ဆိုင် သဘောတူ ချက် တွေ အပေါ် ဘယ်လို ချိုး ဖောက် ခဲ့ တယ် ဆိုတာ ကို အများ ပြည်သူ ရှေ့မှောက် ဆက်လက် ဖွင့်ချ သွား မယ် လို့ ဗကသများ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ကိုအောင်နေပိုင် က ဘီဘီစီ ကို ပြောပါတယ်။
ဒီမို ကရေစီ ပညာရေး သပိတ် ရဲ့ ပင်မ စစ်ကြောင်း သာမက မြေလတ် နဲ့ ဧရာဝတီ စစ်ကြောင်း တွေ ဟာလည်း သပိတ် လှန် ခဲ့တာ မဟုတ် ပဲ စောင့်ကြည့် သပိတ် တွေ ဖြစ်ကြ တယ်လို့ လည်း ကိုအောင်နေပိုင် က ဆိုပါတယ်။
၄ပွင့်ဆိုင် တုန်းက သဘောတူ ထား တဲ့ ကျောင်းသား တွေ ရဲ့ တောင်းဆို ချက် ၁၁ ချက် ကို တကယ် တမ်း အကောင်အထည် ဖော် လိုက် လျောခြင်း မရှိ ခဲ့တဲ့ တွက် ပညာရေး ဥပဒေ ကန့် ကွက် မှု တွေ ကို အခု စစ်ကြောင်း အားလုံး အနေနဲ့ ပြန်လည် ပူး ပေါင်း လှုပ်ရှား သွားမယ် လို့ လည်း ကိုအောင်နေပိုင် က ပြောပါတယ်။
ပညာရေး ဥပဒေ ထဲ မှာ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် လို့ မသုံးနှုံး ပဲ ကျောင်းသား ကိုယ်စားလှယ် လို့ သာ သုံးနှုံး ထားတာ နဲ့ ပတ်သက် ပြီး ဗကသ များ အဖွဲ့ချုပ် အနေနဲ့ သမဂ္ဂ ဆိုတဲ့ အခေါ်အဝေါ် ပေါ် မှာ အခိုင်အမာ ရပ်တည် ပြီး ကျောင်းသား သမဂ္ဂ တွေ ကို တရားဝင် ရပ်တည် ခွင့် ရလာ တဲ့ အထိ တောင်းဆို လှုပ်ရှား သွားမယ် ဆိုပြီး ကိုအောင်နေပိုင် က ပြောပါတယ်။




