နိုင်ငံရေး သဘောတူညီချက် မရခင် လက်နက်မဖြုတ်

လက်နက် ဖြုတ်သိမ်းမှု ဆိုင်ရာ( disarmament, demobilization and reintegration) DDR ကိစ္စတွေ ကို ဆွေးနွေး ခဲ့ကြ
ဓာတ်ပုံ ပုံစာ, လက်နက် ဖြုတ်သိမ်းမှု ဆိုင်ရာ( disarmament, demobilization and reintegration) DDR ကိစ္စတွေ ကို ဆွေးနွေး ခဲ့ကြ

အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ အကြား အပစ် အခတ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ ကနေ နိုင်ငံ ရေး အရ သဘောတူညီချက် မရ မချင်း တိုင်းရင်းသား လက်နက်ကိုင် တွေဘက်က လက်နက် ဖြုတ်သိမ်း စရာ မလိုအပ် သေးကြောင်း စနေနေ့က သဘော တူ ခဲ့ကြ ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်သား အဖွဲ့တွေရဲ့ NCCT တို့ ရဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲ ကနေ အခုလို လက်နက် ဖြုတ်သိမ်းမှု ဆိုင်ရာ( disarmament, demobilization and reintegration) DDR ကိစ္စတွေ ကို ဆွေးနွေး ခဲ့ကြ တာ ဖြစ်ပါတယ်။

၅ ရက်မြောက်နေ့ အဖြစ် စနေနေ့က ဆွေးနွေး ခဲ့ကြတဲ့ အထဲမှာ လုံခြုံရေး ဆိုင်ရာ တပ်များ ပြန်လည် ပေါင်းစည်းခြင်း Social Security Reform နဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စတို့ကို နိုင်ငံရေး ဆွေးနွေးပွဲ ကျမှ ထည့်သွင်း ဆွေးနွေး ရန် သဘောတူလိုက် ကြပါတယ်။

ဆွေးနွေးပွဲကို စနေနေ့ အထိ ၅ ရက် သတ်မှတ်ထား ပေမယ့်၊ မပြီးသတ်သေး တာကြောင့် ဆွေးနွေးပွဲ ရက် ထပ်တိုး လိုက်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ခဲ့ ရင်တော့၊ လက်မှတ်ရေး ထိုးပြီးနောက် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုချက် ရယူဖို့ကိုလည်း နှစ်ဘက် စလုံးက သဘောတူ ခဲ့ကြ ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၆ ရက်မြောက် နေ့အဖြစ် ဆက်လက် ပြုလုပ် သွား မှာ ဖြစ်ပါတယ်။