ကျောင်းသားတွေကို ရဲတွေ အကြမ်းဖက် ဖြိုခွင်း

ကျောင်းသားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် ဖြိုခွဲ

အစိုးရ ပြဋ္ဌာန်းထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြတဲ့ လက်ပံတန်း ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းက ကျောင်းသားတွေနဲ့ အာဏာပိုင်တွေအကြား ညှိနှိုင်းမရ ဖြစ်ခဲ့အပြီး ရှေ့တိုး ချီတက်လာကြတဲ့ ကျောင်းသားတွေကို လုံခြုံရေး ရဲတွေက နံပါတ်တုတ် တွေနဲ့ ရိုက်နှက် ဖြိုခွင်းခဲ့ပါတယ်။

ကျောင်းသား အများအပြား ဒဏ်ရာ ရခဲ့ပြီး တချို့ကို ဆေးရုံ တင်ထားရတယ်လို့ ကျောင်းသား ခေါင်းဆောင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အနီးအနားက ဘုန်းကြီးကျောင်းထဲ ပြေးဝင် ခိုလှုံခဲ့တဲ့ ကျောင်းသားတွေကို ရဲတွေက လိုက်လံ ရိုက်နှက် ဖမ်းဆီးခဲ့ရာမှာ သတင်းထောက် တချို့လည်း ရိုက်နှက်ခံခဲ့ရပါတယ်။

ရဲတွေ တားထားတဲ့ စည်းကို ဖောက်ထွက်ဖို့ ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရဲတွေ တားထားတဲ့ စည်းကို ဖောက်ထွက်ဖို့ ကြိုးစား
ရိုက်နှက်ခံရလို့ အများအပြား ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ရိုက်နှက်ခံရလို့ အများအပြား ဒဏ်ရာရ
သတင်းထောက်တွေလည်း ထွက်ပြေးခဲ့ရပြီး အချို့ ရိုက်နှက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သတင်းထောက်တွေလည်း ထွက်ပြေးခဲ့ရပြီး အချို့ ရိုက်နှက်ခံရ
စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီး ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်

ရန်ကုန်မြို့ကို ကားနဲ့ သွားခွင့် ပြုမယ်လို့ အာဏာပိုင်တွေ ဘက်က အစောပိုင်းက ကမ်းလှမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ အလံ လွှင့်ထူခွင့်နဲ့ သီချင်း ဖွင့်ခွင့်တွေကို ပိတ်ပင်ခဲ့ပါတယ်။

သပိတ်မှောက် ကျောင်းသားတွေ သတ်မှတ်ထားတဲ့ အချိန် ၁၁ နာရီ ၄၅ မိနစ် ကျော်လွန်လာပြီးတဲ့နောက် ကျောင်းသားတွေက ရဲတွေ တားထားတဲ့ စည်းကို ဖေါက်ထွက်ဖို့ ကြိုးစားရာမှာ လုံခြုံရေးရဲတွေနဲ့ ကျောင်းသားတွေအကြား ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့တာပါ။

ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရဲက ဥပဒေနဲ့ အညီ ရှင်းလင်း လူစုခွဲပြီး လူ ၁၂၇ဦးကို ထိန်းသိမ်း ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို လက်ပံတန်းမြို့မှာ ကျောင်းသားတွေ ရိုက်နှက် ဖြိုခွင်းခံခဲ့ရတာ အပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်၊ မြင်းခြံ၊ လွိုင်ကော်နဲ့ တခြား မြို့တွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။