ကင်မရာသမားကို ငှက်ပျောခွံနဲ့ပေါက်တဲ့ ထိုင်းဝန်ကြီးချုပ်

သတင်းထောက် တွေကို စိတ်တို တတ်တဲ့ ထိုင်း ၀န်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, AFP Getty

ဓာတ်ပုံ ပုံစာ, သတင်းထောက် တွေကို စိတ်တို တတ်တဲ့ ထိုင်း ၀န်ကြီးချုပ်

ကင်မရာဖက် ကို တည့်တည့်ကြည့်ဖို့ ခဏခဏပြောတဲ့ ရုပ်သံ ကင်မရာ သမားတဦး ကို စိတ်တိုပြီး ထိုင်း ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က ငှက်ပျောခွံ နဲ့ ပေါက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က လူထုပရိသတ် အများအပြား တက်ရောက်တဲ့ ပွဲတခုမှာ ထိုင်းဝန်ကြီးချုပ်က အဲဒီလို ငှက်ပျောခွံနဲ့ ပစ်ပေါက် လိုက်တာကို ထိုင်းရာ့သ် ရုပ်သံရဲ့ ကင်မရာ တခုက အမိအရ ရိုက်နိုင် ခဲ့ပါတယ်။

သူ့လုပ်ရပ်ကို လူတွေက ဟာသ တခုလို ဝိုင်းရယ်ခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း ထိုင်းဝန်ကြီးချုပ်က မိုက်ကရိုဖုန်း ကိုင်ထားတဲ့ သတင်းထောက် တဦးကို နားရွက်ကိုဆွဲ ဆံပင်တွေကို ဖွဲပစ်ခဲ့တာကို နောက် သတင်းထောက် တဦးက ကင်မရာနဲ့ ရိုက်ယူ နိုင်ခဲ့ ပါတယ်။

အဲဒီအရင် စက်တင်ဘာလ တုန်းကလည်း သတင်းစာ ရှင်းလင်းပွဲ တခုမှာ သူ့ကို ရွေးကောက်ခံ ဝန်ကြီးချုပ်မလုပ်ဘဲ အာဏာသိမ်း ဝန်ကြီးချုပ်ဘဲ လုပ်တော့မှာလားလို့ မေးတဲ့ သတင်းထောက်တဦးကို “မင်းကို ခုံနဲ့ကောက်ပေါက်လိုက်မယ်” လို့ မစ္စတာချန်အိုချာက ဆိုခဲ့ ပါသေးတယ်။