သမ္မတအိုဘားမား မြန်မာခရီးစဉ် ဆွေးနွေး

U Thein Sein
ဓာတ်ပုံ ပုံစာ, သမ္မတ အိုဘားမား မြန်မာပြည် ထပ်လာမယ်

အမေရိကန် သမ္မတ အိုဘားမားဟာ မကြာခင်လာရောက်မယ့် သူ့ရဲ့ မြန်မာခရီးစဉ်အတွက် သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဖုန်းပေါ်ကနေ သီးခြားစီ ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးတဲ့အထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း၊ ရခိုင်ပြည်နယ်တွင်းက တင်းမာမှုတွေ ဖြေရှင်းနိုင်ဖို့အရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေအကြောင်း ပါဝင်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အထဲမှာတော့ နောက်နှစ်ကျင်းပမယ့် မြန်မာရွေးကောက်ပွဲအကြောင်း နဲ့ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

သမ္မတ အိုဘားမားဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့အတူ ဆက်တိုက်ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ ၂၀၁၂ ခရီးစဉ်အတွင်းတုန်းကတော့ ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။