ဘီဘီစီ ပရိတ်သတ်တွေ ရွေးတဲ့ သြဇာရှိ အမျိုးသမီး ၁၀ ယောက်

ဓာတ်ပုံ ရင်းမြစ်, AP
ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်က ကမ္ဘာ့ နယ်ပယ် အသီးသီးက အမျိုးသမီး ၁၀၀ ကို ဘီဘီစီ ရုံးချုပ်ဆီ ဖိတ်ခေါ်ပြီး ဆွေးနွေး ခဲ့ကြတဲ့ တစ်နှစ် ပြည့် အထိမ်း အမှတ် အထူး အစီအစဉ်တွေ တင်ဆက်ပေးနေပါတယ်။
အခုနှစ်မှာတော့ ပြီးခဲ့တဲ့ နှစ်က အမျိုးသမီးတွေ အရေး ဆွေးနွေး ခဲ့ကြတာတွေကို ပြန်လည် လေ့လာ သုံးသပ်ကြည့်ရင်း ကမ္ဘာမှာ ထင်ရှား ကျော်ကြားတဲ့ အမျိုးသမီးတွေ၊ သတ္တိရှင် အမျိုးမီးတွေ စုစုပေါင်း ၁၀၀ ကို ရွေးထုတ် ပြီး သူတို့ အကြောင်း အစီအစဉ်တွေကို ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ကနေ တင်ဆက်ပေးနေပါတယ်။
ဘီဘီစီ မြန်မာ ဌာနကတော့ ဘီဘီစီ ပရိတ်သတ်တွေ လေးစား အားကျတဲ့ အမျိုးသမီး ၁၀ ယောက်စာရင်း ပေးဖို့ ရေဒီယို အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်တို့မှာ ဖိတ်ခေါ်ခဲ့တာ အခု စာရင်း ထွက်လာပါပြီ။
အဲဒီ စာရင်း အရ နံပတ် ၁ နေရာမှာ ဒေါ်အောင်ဆန်း စုကြည်က နေရာယူထားပါတယ်။ ဘီဘီစီ ပရိတ်သတ်တွေ လေးစားတဲ့ မြန်မာ အမျိုးသမီး ၁၀ ယောက်ကို အမှတ်စဉ် အလိုက် ဖော်ပြရရင်
(၁) ဒေါ်အောင်ဆန်းစုကြည်
(၂) ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် (နာရေးကူညီမူအသင်း)
(၃) ဒေါ်ဖြူဖြူသင်း (AIDS လူနာ စောင့်ရှောက်ရေး)
(၄) ဒေါ်သန်းမြင့်အောင် (ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာ)
(၅) ဒေါက်တာ စင်သီယာမောင် (မယ်တော်ဆေးခန်း)
(၆) ဒေါ်ဒေဝီသန့်စင် (ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်သူ)
(၇) လူထုဒေါ်အမာ (စာရေးဆရာမကြီး)
(၈) ဂျူး (စာရေးဆရာမ)
(၉) ဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်)
(၁၀) မစုပုံချစ် (မသန်စွမ်း ထူးချွန်သူ)
တို့ ဖြစ်ကြပါတယ်။








