ဘီဘီစီ ဦးနေဝင်း ၇၉ နှစ်မှာ ကွယ်လွန်

ဘီဘီစီ မြန်မာပိုင်းရဲ့ နာမည်ကျော် ဝန်ထမ်းဟောင်း ဦးနေဝင်း ဟာ လန်ဒန်မြို့ Cromwell ဆေးရုံမှာ ဗုဒ္ဓဟူးနေ့ ညက ကွယ်လွန် သွားပါတယ်။
ဦးနေဝင်းဟာ ဘီဘီစီရဲ့ လူကြိုက်များတဲ့ ဆေးမြီးတို၊ မေးပါများ စကားရ၊ ကျေးတမာနဲ့ ပေဖူးလွှာ၊ သော်ကနဲ့ ပေါ်စ၊ စတဲ့အစီအစဉ် တွေကို စတင် စီစဉ် တင်ဆက် ခဲ့သူ ဖြစ်ပါတယ်။
သူဟာ အသက် ၇၉ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့တာ ဖြစ်ပြီး၊ ဇနီး ဒေါ်ခင်ဝင်းမြနဲ့ သားသမီး ၆ ဦး ကျန်ရစ် ပါတယ်။




