အီဘိုလာ သံသယ ဖြစ်သူ မြန်မာတွေမှာ ပိုးမရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
ဝေဘာဂီ ဆေးရုံကြီးမှာ သီးသန့် ထားပြီး စောင့်ကြည့် ကုသမှု ခံယူနေတဲ့ အီဘိုလာ သံသယ ရှိသူ ရဲ့ သွေးနမူနာမှာ ရောဂါပိုး မရှိဘူးလို့ ကျန်မာရေး ဝန်ကြီးဌာက ပြောပါတယ်။
ဂျာမနီနိုင်ငံ Hamburg ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးမှု ရလာဒ် အရ သိရှိရတာ ဖြစ်တယ်လို့ ကူးစက်ရောဂါ ကာကွယ်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ဘီဘီစီကို ပြောပါတယ်။
အနောက်အာဖရိက ဘက်မှာ အလုပ်လုပ် ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ယောက်မှာ ကူးစက်မြန် အီဘိုလာ ရောဂါ သံသယ ဖြစ်ဖွယ် ရှိတာကို ရန်ကုန် လေဆိပ်မှာ စစ်ဆေးတွေ့ရှိတဲ့ အတွက် သူနဲ့အနီးကပ် ထိတွေ့သူ ၄ ယောက်တို့ကိုပါ ကျန်းမာ ရေးဝန်ကြီး ဌာနက ဩဂုတ်လ ၂၀ ရက်နေ့က စတင် စောင့်ကြည့် နေခဲ့တာ ဖြစ်ပါတယ်။
အီဘိုလာ ရောဂါ သံသယဖြစ်သူရော ကျန်သူတွေ အားလုံးပါ ကျန်းမာရေး အခြေအနေ ကောင်းတယ်လို့ ဆိုပါတယ်။
အနောက် အာဖရိကမှာ အီဘိုလာ ရောဂါ ကူးစက်ပြန်ပွားမူတွေ ရှိနေဆဲ ဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲကြီး ကလည်း ရောဂါဖြစ်ပွားမှု အခြေအနေ တွေကို စောင့်ကြည့် စစ်ဆေး နေပါတယ်။
လောလောဆယ် ရောဂါကူးစက်ခံနေရသူ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ သုံးပတ်အတွင်း ကူးစက်ခံရတာ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထား ပါတယ်။
မြန်မာ ကျန်းမာရေးဝန် ကြီးဌာန အနေနဲ့လည်း ရန်ကုန် လေဆိပ်မှာ စောင့်ကြည့်မှုတွေ လုပ်နေတဲ့ အပြင် မြန်မာအစိုးရက တရားဝင် ဖွင့်လှစ်ထားတဲ နယ်စပ်ဂိတ် ၁၆ ခု မှာလည်း စောင်ကြည့်မှုတွေ လုပ် နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန တာဝနရှိသူတွေက ပြောပါတယ်။




