၈၂ နိုင်ငံသား ဥပဒေကို စစ်တွေမှာ ထောက်ခံ ဆန္ဒပြ

၁၉၈၂ နိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင် အထည် ဖေါ်ဖို့ အတွက် စစ်တွေမှာ လူပေါင်း ၂၀၀၀ လောက် လမ်းတွေပေါ်ထွက် ဆန္ဒပြ ခဲ့ကြ ပါတယ်။
ခွင့်ပြုချက် ရယူပြီး ဆန္ဒပြ ခဲ့ကြတဲ့ ဒီ ဆန္ဒပြ သူတွေ ထဲမှာ သံဃာ အပါး ၂၀၀ ပါဝင် တယ်လို့ ဆန္ဒပြ နေသူ ခေါင်းဆောင် တဦးက ဘီဘီစီကို ပြောပါတယ်။
ဆန္ဒပြသူ တွေက အဖြူရောင်ကတ် ကိုင်ဆောင် ထားသူ တွေကို မဲပေးခွင့် မပြုရေး အပါ အဝင် တခြား တောင်းဆို ချက်တွေကို တောင်းဆို ခဲ့ကြပါတယ်။
နောက်ပြီး ဒေသခံ တိုင်းရင်းသား တွေရဲ့ လုံခြုံရေး အမြန် ဆောင်ရွက် ပေးရေး စတဲ့ အချက်တွေ အပါ အဝင် အန်ဂျီအိုတွေ၊ နိုင်ငံ တကာ အဖွဲ့ အစည်းတွေ စစ်တွေ ကနေ အမြန်ဆုံး ထွက်သွားဖို့ တောင်းဆို ခဲ့ကြ တယ်လို့ ဆိုပါတယ်။




