ပေါင်းချင် ပါလျက် အပေါင်းခက်

ရှမ်း တိုင်းရင်းသား ပါတီ နှစ်ခု ဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD နဲ့ ရှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ SNDP ခေါ်ကျားဖြူ ပါတီတို့ နှစ်ပါတီ ပူးပေါင်းရေးကို ရှမ်းတိုင်း ရင်းသား တွေက လိုလား ကြပေမဲ့ လက်တွေ့မှာ ပူးပေါင်းရေး အခက် အခဲ တွေ ရှိနေ ပါတယ်။
ပါတီ တခုစီ ကနေ ညှိနှိုင်း ဆွေးနွေးရေး ကော်မ တီဝင် ၅ ဦးစီ ခန့်ထား ကြပေမဲ့ ပူးပေါင်းရေး ဆွေးနွေး ပြေလည်တဲ့ အဆင့်ကို မတက်လှမ်း နိုင်သေးပါဘူး။
ဒါပေမဲ့ ကျားဖြူပါတီက ပါတီညီလာခံ မကျင်းပမီမှာ သူတို့ပါတီ အနေနဲ့ ပါတီ ပူးပေါင်း ရေးမှာ နာမည်ကိုတော့ ပြောင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ တဘက်က SNLD ပါတီဝင်တွေ အနေနဲ့ နာမည် ပြောင်းပြီး ဝင်လာမယ် ဆိုရင် တော့ ကြိုဆို ကြောင်း ပြောလိုက်ပါတယ်။
ဒါကို တုန့်ပြန်တဲ့ အနေနဲ့ SNLD ပါတီရဲ့ အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းညွန့် လွင်က သူတို့ ပါတီ အနေနဲ့ နိုင်ငံ အတွက် ဆိုရင် ပါတီ နာမည် ကို ပြောင်းပေးဖို့ ဝန်မလေး ကြောင်း ပြောခဲ့ ပါတယ်။
ဒါပေမဲ့ ပါတီ နှစ်ခုမှာ မူဝါဒ ချင်း ကွဲလွဲမှု တွေ ရှိနေတာကိုလည်း သူက ဝန်ခံပါတယ်။
အဓိက ကွဲလွဲချက်ကတော့ ကျားဖြူပါတီရဲ့ ပြည်ထောင်စုမူဟာ ပြည်နယ် တိုင်း ၁၄ ခုမူဖြစ်ပြီး SNLD ရဲ့မူကတော့ ၈ ပြည်နယ် မူဖြစ်တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ပါတီက စီးပွားရေး လုပ်တာကိုလည်း သူတို့ မနှစ်သက် ကြောင်း ပြောပါတယ်။
SNLD ပါတီ အနေနဲ့ ကတော့ ရွေးကောက်ပွဲ ဝင်ရင်တောင် အတိုက်အခံ ပါတီ အနေနဲ့ အတိုက်အခံ ပီပီသသ ရပ်တည် သွားမယ်လို့ ဆိုပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ်ကျားဖြူပါတီတို့ ရှမ်းနှစ်ပါတီ ပူးပေါင်းရေးကို ရှမ်းတိုင်းရင်းသားတွေက လိုလားကြပေမဲ့ လက်တွေ့မှာ ပူးပေါင်းရေး အခက်အခဲတွေရှိနေပါတယ်။ ဘယ်လို အခက်အခဲ အဟန့်အတားတွေရှိနေပါသလဲ။ SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။








