ဖွဲ့စည်းပုံကော်မတီ တင်သွင်းရက် နီးကပ်လာ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီမှာ အကြံပြုချက် အများအပြား ရရှိ နေပြီလို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ဘီဘီစီကို ပြောကြား ပါတယ်။
ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံး ထားပြီး ကော်မတီကို တင်သွင်းရမယ့် အစီရင်ခံစာ တွေထဲမှာ ဘယ်လို အကြံပြုချက် တွေ ပါတယ် ဆိုတာကို ကော်မတီက စုစည်း တင်ပြ ပေးသွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ကြံခိုင်ရေး ပါတီဘက်က အကြံပြုစာတွေ သိပ်ရောက်မလာသေးတာက အသေးစိတ် ရှင်းလင်း ဆွေးနွေးနေလို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက် မတိုင်ခင်မှာ ရရှိထားတဲ့ အကြံပြုလွှာ တွေကို စုစည်းပြီး လွှတ်တော်ကို အစီရင်ခံစာ တင်ရမယ် လို့လည်း ဆိုပါတယ်။




