ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံ သွားမယ်

ကာတာ နိုင်ငံ ဒိုဟာ မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံ World Innovation Summit for Health (WISH) မှာ ဒေါ်အောင်ဆန်းစုကြည် တက် ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
အရှေ့ အလယ်ပိုင်း ဒေသက နိုင်ငံတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် သွားမယ့် ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၁ ရက်နေ့ အထိ ပြုလုပ်မယ့် အဲဒီ ညီလာခံမှာ နိုင်ငံတကာက အစိုးရ တာဝန်ရှိသူတွေ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ တခြား ပညာရှင်တွေ အပြင် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက်ကြပြီး ကမ္ဘာတဝန်း ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။




