လိုင်ဇာညီလာခံ သဘောတူညီချက် လက်မှတ်ထိုး

Laiza Conference, Ethnic armed groups conference
ဓာတ်ပုံ ပုံစာ, အဖွဲ့ ၁၈ ဖွဲ့တက်ပြီး ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

အစိုးရနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ဘုံသဘော တူညီချက်တွေကို နိုဝင်ဘာ ၂ ရက်က လိုင်ဇာမြို့က ညီလာခံ အပြီးမှာ လက်မှတ် ရေးထိုးကြပါတယ်။

တိုင်းရင်းသားအဖွဲ့ ၁၈ ဖွဲ့ တက်ရောက်တဲ့ လိုင်ဇာ ညီလာခံမှာ အဖွဲ့ ၁၇ ဖွဲ့က လက်မှတ်ရေးထိုးပြီး ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ကတော့ လက်မှတ်း မထိုးသေးပါဘူး။

RCSS အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းအပြင် ရှမ်းပြည်နယ်တွင်းက အဖွဲ့တွေဆီကို တင်ပြ ဆွေးနွေး ညှိနှိုင်းပြီးမှ လက်မှတ်ထိုးဖို့ ကိစ္စကို ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိက သဘောတူတဲ့အချက်တွေထဲမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အရေးနဲ့ နိုင်ငံရေးအာမခံချက်တွေ ရှိမှ အပစ်အခတ်ရပ်စဲနိုင်မယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံကို ကျင်းပဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့က အစိုးရနဲ့ မြစ်ကြီးနားမှာ နောက်ဆုံးတွေ့တုန်းက တောင်းဆိုခဲ့တာ ဖြစ်ပြီး အစိုးရဘက်ကလည်း ကျင်းပဖို့ သဘောတူခဲ့ပါတယ်။

နိုဝင်ဘာ ၄ ၇က် နဲ့ ၅ ရက်တွေမှာတော့ KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ မြစ်ကြီးနားမှာ ထပ်မံ တွေ့ဆုံဖို့ ရှိပါတယ်။