မြန်မာ့ လေကြောင်း လေယာဉ် လမ်းချော်

ကော့သောင် မြို့မှာ မြန်မာ့ လေကြောင်းက လေယာဉ် တစင်း လမ်းချော်မှု ဖြစ်ပွားခဲ့ ပြီးနောက် တရုတ် နိုင်ငံလုပ် MA 60 လေယာဉ် ၃ စင်းလုံးကို ပြေးဆွဲမှု ဆိုင်းငံ့ ထားတယ်လို့ သိရပါတယ်။
လေယာဉ်ဟာ ပြေးလမ်းကို ကျော်ပြီး ခြံစည်းရိုးကို ဖောက်ထွက် သွားပေမယ့် ခရီးသည် အထိအခိုက် မရှိဘူးလို့ သိရပါတယ်။
လေယာဉ်ပျံ တောင်ပံ နှစ်ဘက်လုံး ထိခိုက် ချို့ယွင်း သွားပါတယ်။
မေလ တုန်းကလဲ မြန်မာ့ လေကြောင်းပိုင် MA 60 လေယာဉ်တစင်း ရှမ်းပြည်နယ်မှာ ပြေးလမ်း ချော်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာ ရသူတွေ ရှိခဲ့ပါတယ်။
အင်ဒိုနီးရှား အစိုးရပိုင် MA 60 လေယာဉ် တစင်း တနင်္လာ နေ့ကပဲ လမ်းချော်ပြီး ခရီးသည် ၇ ယောက် ဒဏ်ရာ ရသွား ခဲ့ပါတယ်။




