ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော် ကော်မတီ သစ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီနေ့ ပြည်သူ့ လွှတ်တော် မှာ လွှတ်တော်ရဲ့ သဘော ဆန္ဒနဲ့ အညီ တရား ဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ် အေးချမ်း ရေး ကော်မတီ ကို ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ အဖြစ် ခန့်ထား ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော် မတီမှာ ဒေါ်အောင်ဆန်း စုကြည် အပြင် တခြား ပါတီစုံ လူမျိုးစုံ ၁၄ ဦးကိုလည်း ပူးတွဲ တာဝန် ပေးခန့် ထားခဲ့ ပါတယ်။
ဒီကော်မတီဟာ ပြည်ထောင် စု အဆင့် ကော်မတီ ဖြစ်ပါ တယ်။
ဒီကော်မတီ ကို ဥပဒေ စိုးမိုးရေး နဲ့ နယ်မြေ တည်ငြိမ် ရေး အတွက် လုပ်ဆောင်ဖို့ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေ လွှဲအပ်ထားတယ်လို့ ကော်မတီရဲ့ အတွင်းရေးမှူး ပုသိမ်မြို့နယ် လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ပြောပါ တယ်။
လွှတ်တော် ကိုယ်စား လှယ်တွေ၊ အစိုးရ အရာရှိတွေ၊ တရား ဥပဒေ ဝန်ထမ်း တွေဥပဒေနဲ့ မညီတဲ့ ဆောင်ရွက် ချက်တွေ ရှိမရှိ စောင့်ကြည့် လေ့လာပြီး သက်ဆိုင် ရာ ဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွား ရမှာ ဖြစ်တယ်လို့ လည်း ဦးဝင်းမြင့်က ပြောပါတယ်။
ဥပဒေနဲ့ မညီတာတွေ ရှိမရှိ ကော်မတီက စောင့်ကြည့် ဆောင်ရွက် သွားမှာ ဖြစ်သလို တိုင်ကြားမှု တွေရှိလာ ရင်လည်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။




