ဥရောပရောက် ကရင်ကွန်ယက် ဆွေးနွေးပွဲ

နယ်စပ်က ဒုက္ခသည်တွေ အတွက် အကူအညီ ပေးရေး ဆွေးနွေးခဲ့ (ဓာတ်ပုံ ENK Facebook)

ဓာတ်ပုံ ရင်းမြစ်, ekn facebook

ဓာတ်ပုံ ပုံစာ, နယ်စပ်က ဒုက္ခသည်တွေ အတွက် အကူအညီ ပေးရေး ဆွေးနွေးခဲ့ (ဓာတ်ပုံ ENK Facebook)

KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာ အစိုးရ အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ကနေ နိုင်ငံရေး အဖြေ ရအောင် လုပ်ဖို့၊ ကရင်ပြည်နယ် ဒေသ မှာ ရင်းနှီးမြှုပ်နှံရင် ဒေသခံ တွေ ရဲ့ အကျိုးစီးပွားနဲ့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး တွေဆောင်ရွက်ဖို့၊ လက်ရှိ နယ်စပ်က ဒုက္ခသည်တွေ အတွက် နိုင်ငံဖြတ်ကျော်ပြီး အကူအညီပေးရေး ကို ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က တောင်းဆို လိုက်ပါတယ်။

နှစ်ဘက် အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း ခြောက်ကြိမ် ရှိပြီးတဲ့ တိုင်အောင်၊ တိုင်းရင်းသား တွေ အပေါ်မှာ ထိုးနှက်တိုက်ခိုက်မှု တွေ ရှိနေဆဲမို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း လည်း ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က ဗြိတိန် နိုင်ငံဆိုင်ရာ တာဝန်ခံ နော်မေရီလှ က ဘီဘီစီ ကို ပြောပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း လည်း ပြောကြားသွားပါတယ် (ဓာတ်ပုံ EKN Facebook)

ဓာတ်ပုံ ရင်းမြစ်, ekn facebook

ဓာတ်ပုံ ပုံစာ, စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း လည်း ပြောကြားသွားပါတယ် (ဓာတ်ပုံ EKN Facebook)

သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အပိုင်းမှာလည်း ရေလှောင် တာတမံ တွေ တည်ဆောက်ရာမှာ ဒေသခံ တိုင်းရင်းသားတွေ ကို ကြိုတင် အသိမပေးပဲ အတင်းဖယ်ခိုင်း လို့ ဒုက္ခရောက်ကြရပုံ၊ အဲဒီအတွက် ဥပဒေ အရ မြေယာသိမ်းရာမှာ နေရာအစားပြန်ပေးရေး၊ လျော်ကြေးပေးမှု စတာတွေ နဲ့ ပတ်ဝန်းကျင် မပျက်စီးရေး ပါ တောင်းဆိုကြောင်းလည်း ရှင်းပြပါတယ်။

နယ်စပ်ဖြတ်ကျော် အကူအညီ ပေးရေး အပိုင်းမှာလည်း ၂ဝ၁ဝ နှစ်ကုန်ပိုင်းက စပြီး ဥရောပ ကော်မရှင်က ထောက်ပံ့မှု ကို လျှော့ချလို့ ၂၅ ရာခိုင်နှုန်း လျော့သွားပုံ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မယ်လ ဒုက္ခသည် စခန်း လာစဉ် က ဒီအကြောင်းတွေ ပြောပြကြလို့ သူလည်း အလှူရှင်တွေ ကို ရှင်းပြမယ်လို့ ဆိုပုံ ကို နော်မေရီလှ က ဘီဘီစီ ကို ပြောပါတယ်။

_bbc_maela_304x171_bbc_

ဓာတ်ပုံ ရင်းမြစ်, bbc

ဓာတ်ပုံ ပုံစာ, မယ်လ ဒုက္ခသည်စခန်း မှ ကလေးများ

အလှူရှင် နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေ ဘက်က အပစ်အခတ် ရပ်ဆဲပြီ ဖြစ်တဲ့ အတွက် ဒုက္ခသည်တွေ ကို ကူညီထောက်ပံ့ စရာ မလိုတော့ဘူး လို့ ယူဆနေကြလို့ ဥရောပ ရောက် ကရင်တိုင်းရင်းသားများ ကွန်ယက် EKN က တောင်းဆို ရပုံကို နော်မေရီလှ က ပြောပြ ပါတယ်။